Main Station Ya Thae Mountain Camp, Kinpunchaung Village, Kyaik Hto Tsp, Mon State

ကျွန်ပ်တို့အကြောင်း

Kyaik Hti Yoe ဟုထင်ရှားသောကျိုက်ထီးရိုးဘုရားတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောကေဘယ် ကားကိုဖွင့်လှစ်ခဲ့ပါသည်။ မွန်ပြည်နယ်၏ အရှေ့တောင်ဘက်တွင်တည်ရှိသောကျိုက်ထီးရိုးဘုရားသည် ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံများကိုဆွဲဆောင်မှုရှိသောအထင်ကရများထဲမှ တစ်ခုဖြစ်ပါသည်။ ကေဘယ်ကားဖြင့် ကျိုက်ထီးရိုးဘုရားကိုလွယ်ကူစွာသွားရောက်ဖူးမြော်နိုင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံ၏ အထင်ကရများထဲမှ တစ်ခုဖြစ်သောကျိုက်ထီးရိုးဘုရားကိုတောင်တက်ကားများဖြင့်သာမကကေဘယ်ကား
ဖြင့်လည်းသွားရောက်ဖူးမြော်နိုင်ပြီဖြစ်ပါသည်။

ကျိုက်ထီးရိုးကေဘယ်ကားကိုရသေ့တောင် တောင်ခြေမှ ကျိုက်ထီးရိုးကားဂိတ်ထိပြေးဆွဲနေပါသည်။ ကေဘယ်ကားကို ၂၀၁၇ ဒီဇင်ဘာ ၁၅ ရက်နေ့မှစ၍ ပြေးဆွဲနေပါသည်။ ကေဘယ်ကား၏ မျက်နှာပြင်လေးဘက်သည်မှန်များဖြစ်သောကြောင့်ပတ်ဝန်းကျင်မြင်ကွင်းများကိုကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနိုင်ပါသည်။

ကေဘယ်ကားသည် တာဝါတိုင် ၇တိုင်၊ ကေဘယ်ကားပေါင်း ၄၄တွဲဖြင့် ပြေးဆွဲပြီးအများဆုံးအရွယ်ရောက်ပြီးသူ ၈ ယောက်စီးနင်းနိုင်ပါသည်။ တစ်နာရီလျှင် ခရီးသည်ပေါင်း ၂၄၀၀ စီးနင်းနိုင်ပါသည်။ ရသေ့တောင်မှ ကျိုက်ထီးရိုးကားဂိတ်သို့ ကေဘယ်ကားစီးလျှင် ၇.၅ မိနစ်ခန့်သာ ကြာမြင့်ပါသည်။

တစ်နေ့လျှင် ကျိုက်ထီးရိုးကေဘယ်ကားကိုခရီးသည် ၃၀,၀၀၀ နီးပါးစီးနင်းနိုင်ပါသည်။ Cable Car Main Station မှ ရသေ့တောင်ကားဂိတ်သို့ ခြေလျင်ခရီးဖြင့်သွားလျှင် ၃မိနစ်ခန့်သာ ကြာမြင့်ပါသည်။ ကျိုက်ထီးရိုးကေဘယ်ကားကိုတောင်တက်ကားများနည်းတူမနက် ၆ နာရီမှ ညနေ ၆ နာရီအထိပြေးဆွဲလျက်ရှိပါသည်။