ကုမ္ပဏီအကြောင်း
ယနေ့ မြန်မာနိုင်ငံမှာဆိုရင်ဖြင့်
သမိုင်းအမွေအနှစ်တစ်ခုဖြစ်သောဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကြီးကိုဘုရားဖူးပြည်သူများဖူးမြော်နိုင်စေရန်ကျိုက်ထီးရိုးကေဘယ်ကားကုမ္ပဏီသည် ရည်မှန်းချက်အသစ်အနေဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ကျိုက်ထီးရိုးဘုရားသည် မြန်မာနိုင်ငံ၏ အထင်ကရနေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကျိုက်ထီးရိုးကေဘယ်ကားကုမ္ပဏီသည် ဘုရားဖူးမိဘပြည်သူများအားလုံးကိုကေဘယ်ကားစီးနင်းပြီးကျိုက်ထီးရိုးဘုရားပေါ်သို့ သွားရောက်စေနိုင်ရန် ဝန်ဆောင်မှုအပြည့်ဖြင့် နွေးနွေးထွေးထွေးကြိုဆိုလျက်ရှိပါသည်။ ကျွန်တော်တို့၏ကေဘယ်ကားကိုစီးနင်းရင်းသန့်ရှင်းလတ်ဆတ်သောလေကောင်းလေသန့်များ၊ သဘာဝတောတောင်ရေမြေအလှတရားများကို ခံစားပြီးကျိုက်ထီးရိုးဘုရားပေါ်သို့ သွားရောက်ဖူးမြော်နိုင် ပါသည်။ ခရီးသည်များ၏ လုံခြုံမှုကိုလည်း ကျွန်တော်တို့ ကုမ္ပဏီလီမိတက်တွင် လူ ၁၀ ယောက်နှင့် အထက် အလေးချိန်ညီမျှသော ဝန်များကို အစားထိုးတင်ဆောင် အကြို စမ်းသပ်လည်ပတ်ခဲ့ပါသည်။ ကျိုက်ထီးရိုးကေဘယ်ကားကိုလုံခြုံစိတ်ချစွာစီးနင်းရင်းလတ်ဆက်သောလေနှင့် တောင်ပေါ်မြင်ကွင်းကျယ် များကို ကြည့်ရှုခံစားရင်းကျိုက်ထီးရိုးတောင်ပေါ်သို့ သွားရောက်လိုက်ပါ။ ကျိုက်ထီးရိုးကေဘယ်ကားစီးရင်းပျော်ရွှင်စရာအချိန်များကို ဖြတ်သန်းလိုက်ပါ။
ကေဘယ်လ်ကားလက်မှတ်ဝယ်ယူရရှိနိုင်သော နေရာများ
-
- ဘုရားဖူးမိပြည်သူများ အဆင်ပြေ ချောမွေ့စေဖို့ရန် ကေဘယ်လ်ကားလက်မှတ်များကို ကျိုက်ထို၊ ကင်ပွန်းစခန်းနှင့်
ကျိုက်ထီးရိုးတောင်ပေါ်ရှိဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ ရရှိနိုင်သော နေရာများမှာ- - (၁) ရွှေဟင်္သာဟိုတယ်။
- (၂) ဆည်းဆာဟိုတယ် ။
- (၃) Golden Bliss ဟိုတယ်။
- (၄) ။ တောင်တန်းသာဟိုတယ်
- (၅) ရိုးရိုးလေး (၁) နှင့် (၂) တည်းခိုခန်း။
- (၆) တော်ဝင်ထွန်းတည်းခိုခန်း။
- (၇) ပန်းမြို့သူတည်းခိုခန်း။
- (၈) အရုဏ်ဦးတည်းခိုခန်း။
- (၉) Mountain View စားသောက်ဆိုင်။
- (၁၀) ဘဲလေးစားသောက်ဆိုင်။
- (၁၁) IT စားသောက်ဆိုင်။
- (၁၂) M2 စားသောက်ဆိုင်။
- (၁၃) ရွှေလည်တိုင်စားသောက်ဆိုင်။
- ဘုရားဖူးမိပြည်သူများ အဆင်ပြေ ချောမွေ့စေဖို့ရန် ကေဘယ်လ်ကားလက်မှတ်များကို ကျိုက်ထို၊ ကင်ပွန်းစခန်းနှင့်
လူကြီးမင်း၏လိုအပ်ချက်များကို အစဉ်မြဲ ဂရုစိုက်လျှက်။
ဝန်ဆောင်မှုများ
- Cable Car လာရောက်စီးနင်းသူများ၏ လုံခြုံရေး နှင့် အန္တရယ်ကင်းရှင်းစေရန် အမြဲဂရုစိုက်ပေးလျက်ရှိပါသည်။
- IKBZ နှင့် ချိတ်ဆက်ရ်ျ ခရီးသွားပြည်သူများ၏ Cable Car လက်မှတ်များတွင် အသက်အာမခံကြေးပါထည့်သွင်းပေးထားပါသည်။
- လက်မှတ်ဝယ်ခြင်းနှင့် Cable Car စီးနင်းခြင်းတို့တွင် ကျွန်တော်တို့၏ကျိုက်ထီးရိုး Cable Car ကုမ္ပဏီဝန်ထမ်းများသည်
အမြဲတမ်းနွေးထွေး ပျူငှာစွာဖြင့် ကူညီပေးလျှက်ရှိပါသည်။ - ကေဘယ်ကားစီးနင်းမည့်ခရီးသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆေးပေးခန်း ထားရှိခြင်း။
- ရာသီဥတုနှင့် လေပြင်းများတိုက်ခိုက်မှုကြောင့် Cable လုံးသည် လှုပ်ရမ်းနိုင်ပါသည်။ Cable Car လည်ပတ်နေစဉ် ရုတ်တရက်
လျှပ်စစ်ပျက်တောက်သွားပါက Cable Car ခေတ္တ ရပ်တန့်ပါလိမ့်မည်။ထို့ကြောင့် ကျွန်တော်တို့သည် Customer များလုံခြုံမှုရှိစေရန်
ဝန်ဆောင်မှုပေးနေသောကြောင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိပါဘူးခင်ဗျာ။
ကျိုက်ထီးရိုးကေဘယ်လ်ကား နှင့် Membership ဖြစ်သော နေရာများ
- ဘုရားဖူးမိဘပြည်သူများအတွက် 10% discount ရနိုင်သော သင့်အတွက် အခွင့်အရေး -
- Membershipများဖြစ်သော Golden Palace, Pro1 Home Center နှင့် Balance Fitness တို့မှ Mermber card ယူဆောင်လာပါက
ကေဘယ်လ်ကားလက်မှတ်ကို Member Card ယူဆောင်လာသော သူနှင့် မိသားစုဝင် (5 ) ဦးအထိ 10% Discount ရမည်ဖြစ်ပါသည်။
လူကြီးမင်း၏လိုအပ်ချက်များကို အစဉ်မြဲ ဂရုစိုက်လျှက်။